Advance Course in Political Science - 2

Categories

Course

နိုင်ငံရေးသိပ္ပံ အဆင့်မြင့် သင်တန်း အပတ်စဉ် (၂) ဖိတ်ကြားခြင်း

နိုင်ငံရေးသိပ္ပံကို စိတ်ဝင်စားသောမိတ်ဆွေ များ ၊ အဖွဲ့ အစည်း များ – သို့  /
မိမိ တို့ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း (Yangon School of Political Science – YSPS) မှ နိုင်ငံရေးသိပ္ပံ (အဆင့်မြင့်) သင်တန်းအပတ်စဉ်(၂) { Advance Course in Political Science – 2 ( APS – 2)}ကို ၂၀၁၆ခုနှစ် ဇွန်လ (၁၈ရက် မှ ၂၄ရက် အထိ) စတင်ဖွင့်လှစ်သင်ကြားမည် ဖြစ်ပါကြောင်း နှင့် သင်တန်းတက်ရောက်လိုသူများသည် သင်တန်းလျှောက်လွှာပုံစံများကို ဖြည့်သွင်း လျှောက်ထားနိုင်ပါသည်။[email protected] ၊သို့ လည်း သင်တန်းလျှောက်လွှာများကိုပေးပို့နိုင်ပါသည်။
( သင်တန်းသား လျှောက်လွှာ ပုံစံ ကို ယခု ဖိတ်ကြားစာ နှင့် အတူ ပူးတွဲ ပေးပို့ ပါသည် ။ )
သင် တန်းသား/သူ အရည် အချင်း လိုအပ်ချက်
၁။ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းမှ နိုင်ငံရေးမိတ်ဆက်သင်တန်းကို ပြီးဆုံးအောင် တက်ရောက်ထားသူဖြစ်ရမည်။
၂။ အင်္ဂလိပ်စာ (အနည်းဆုံး)Upper Intermediate level ရှိရမည် ။
၃။ သင်တန်းကို သတ်မှတ်အချိန်အတိုင်း တက်ရောက်နိုင် သူ ဖြစ် ရမည်။
(မှတ်ချက်။ ။ Intensive course ဖြစ်သောကြောင့် သင်တန်းပျက်ကွက်မှုကိုလုံးဝခွင့်မပြုပါ။)

သင်တန်းတည်နေရာ။ ။အမှတ်(၁၂၂) ၊ တတိယထပ် ၊ ၅၁လမ်း (အလယ်ဘလော့ဒ်)၊ ပုဇွန်တောင်မြို့ နယ် ၊ ရန်ကုန်မြို့ ။
လျှောက်လွှာတင်ရမည့် နောက်ဆုံးရက် ။ ။၁၄.၆.၂၀၁၆
သင်တန်းကာလ ။ ။One-Week Course (ရက်သတ္တတစ်ပတ် )

လေးစားစွာဖြင့်
ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း

Leave a Reply

Your email address will not be published. Required fields are marked *